တောင်ကြီး ဧပြီ-၁၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူမျာနှင့်အတူ ဧပြီ(၁၄)ရက် သင်္ကြန်အကျနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ပြည်နယ်လွှတ်တော်အနီးရှိ ဗဟိုမဏ္ဍပ်၌ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်ယိမ်းအကအဖွဲ့များမှ ပြိုင်ပွဲဝင်ယှဥ်ပြိုင်နေမှုကိုကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများတို့က ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးကြသည်။
တောင်ကြီးမြို့တွင် သင်္ကြန်အကျနေ့ စည်ကားသိုက်မြိုက်အေးချမ်းစွာ ပြည်သူများနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွဲပေးကြပြီး ဗိုလ်ချုပ်ပန်းခြံရှေ့ရှိ ပိတောက်မေမဏ္ဍပ်ကိုလည်းကောင်း၊ စိုက်ပျိုးရေးရုံးရှိ ရွှေပိတောက်မဏ္ဍပ်တို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကပြဖျော်ဖြေပေးကြသော ယိမ်းအကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေး အပ်ခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့