တောင်ကြီး ဧပြီ-၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ(၁၅)ရက်သင်္ကြန်အကြတ်နေ့ နံနက်(၉)နာရီခွဲ တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာမဏ္ဍပ်သို့သွားရောက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ယိမ်းအကအဖွဲ့များ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများယိမ်းအကအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအကအဖွဲ့များနှင့် နိုင်ငံကျော်အဆိုတော်များ၊ Dancerအကအဖွဲ့များ ကပြဖျော်ဖြေတင်ဆက်နေမှုကို ကြည့်ရှူအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်တို့က ပါဝင်ကပြဖျော်ဖြေပေးကြပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကြကြောင်း သိရှိရသည်။
အလားတူ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း တရုတ်ဘုံကျောင်းအနီရှိ သယံဇတနှင့်သဘာဝပတ်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန မဏ္ဍပ်တွင် ပြည်သူများ အေးချမ်းစည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန်အကြတ်နေ့ကို တေးဂီတဖျော်ဖြေပွဲနှင့်အတူ ရေကစား၍ လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲကြခြင်း စတုဒိတာမဏ္ဍပ်တွင် ထမနဲ၊ လက်ဖက်၊ ကောဖီနှင့် သနပ်ခါးသင်္ကြန်ကို ပါဝင်ဆင်နွှဲကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့