တောင်ကြီး ဧပြီ-၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူမျာနှင့်အတူ ဧပြီ(၁၆)ရက်သင်္ကြန်အတက်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လွှတ်တော်အနီးရှိ ဗဟိုမဏ္ဍပ်၌ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်တေးဂီတအဆိုရှင်များ၊ ဒေသခံအဆိုရှင်များ ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲခြင်း၊ စတုဒိသာမဏ္ဍပ်တွင် ထမနဲထိုးနေမှုနှင့် ကျွေးမွေးဧည့်ခံနေမှု၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်တို့ကို ကြည့်ရှူအားပေးပြီး လျှပ်စစ်၊ စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမဏ္ဍပ်တွင် ဒေခံအဆိုတော်များမှ ဖျော်ဖြေနေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အလားတူ တောင်ကြီးမြို့တွင် သင်္ကြန်အတက်နေ့ဖြစ်သည်နှင့်အညီ မြို့တွင်းလမ်း၊ အရှေ့၊ အနောက်မြို့ပတ်လမ်းများတွင်လည်း ပြည်သူများ အေးချမ်းစည်ကားသိုက်မြိုက်စွာ ရေကစားပါဝင်ဆင်နွှဲကြပြီး စိုက်ပျိုးရေးရုံးရှေ့ရှိ ရွှေပိတောက်မဏ္ဍပ်၊ သယံဇတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမဏ္ဍပ် ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်မဏ္ဍပ်၊ ချယ်ရီမေ မဏ္ဍပ်တို့တွင် ခေတ်ပေါ်တေးဂီတတီးဝိုင်းများဖြင့် နိုင်ငံကျော်အဆိုရှင်များ၊ ဒေသခံအဆိုရှင်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်သူများကလည်း အေးချမ်းစည်ကားသိုက်များစွာ ရေကစားပါဝင်ဆင်နွှဲကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့