ညောင်ရွှေ ဧပြီ-၁၇
မြန်မာ့နှစ်ဆန်း(၁)ရက်နေ့တွင် မြန်မာနိုင်ငံရှိ ပြည်သူများသည် နေရာဒေသအသီးသီး၌ သက်ကြီးဘိုး၊ဘွားများအား ကန်တော့ခြင်း၊ ခေါင်းလျော်ပေးခြင်း ခြေသည်းလက်သည်းများညှပ်ပေးခြင်း၊ ဇီဝိတဒါနငါး၊ဌက်များလွှတ်ပေးကြခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားနာယူခြင်း ကုသိုလ်ကောင်းမှုများ ဆောင်ရွက်လျက်ရှိကြရာ ဧပြီ(၁၇)ရက် နံနက်(၉)နာရီက ကလောခရိုင်၊ ညောင်ရွှေမြို့၊ နဒီကန်သဘာဝရေပြင်အတွင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်းစိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဇီဝိတဒါန စုပေါင်းငါးလွှတ်ပေးကြကြောင်း သိရသည်။ အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ နဒီကန်သဘာဝရေပြင်အတွင်းသို့ ငါးဖိန်းကောင်ရေ(၁)သောင်း၊ ငါးမြစ်ချင်းကောင်ရေ(၂)သောင်း၊ ငါးခုံးမကြီးကောင်ရေ(၂)သောင်း(၄)ထောင် စုစုပေါင်းကောင်ရေ (၅)သောင်း(၄)ထောင် ဇီဝိတဒါနလွှတ်ပေးကြကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် မြို့တော်ခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ကြပြီး အဘိုး၊အဘွားများအား ပူဇော်ကန်တော့၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အဘိုး၊အဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ကျန်းမာရေးဌာနမှ အဘိုး၊အဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် သကက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် (၈၅)နှစ်နှင့်အထက်စာရင်းရှိ(၅၂၄)ဦး၊ တက်ရောက်အဘိုး(၂၅)ဦး၊ အဘွား(၃၆)ဦး စုစုပေါင်း(၆၁)ဦး တက်ရောက်ကန်တော့ခံကြောင်းသိရှိရသည်။ (၈၅)နှစ်အထက် ကျန်ရှိအဘိုး၊အဘွားများကို အိမ်တိုင်ရောက်ဖြင့် တာဝန်ရှိသူများမှ ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းနောက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့က အန္တရာယ်ကင်းပရိတ်တရားနားယူခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဌာန်းကျောင်းတိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာသတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင် တောင်ကြီးမြို့၊ မဟာဓမ္မိကာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဓမ္မာနန္ဒာဘိဝံသထံမှ အနုမောဒေနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေးပြီး အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့