တောင်ကြီး ဧပြီ-၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများသည် ဧပြီ(၁၉)ရက် နံနက်(၆)နာရီခွဲက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်တွင် (၇)ရက်တိုင်တိုင် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ တက်ရောက်ကြကြောင်းသိရသည်။
ဆက်လက်၍ တောင်ကြီးမြို့ရွှေဘုန်းပွင့်စေတီတော်ဓမ္မာရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူတို့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယ) ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
၎င်းနောက် တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ ရှင်မာဏဝက က ပဋ္ဌာန်းအောင်ဂါထာကို ရွတ်ဖတ်ပူဇော်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး နင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြ၍ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တ ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်တေဇဝန္တက နတ်၊ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားတောင်အဆင်းလမ်း ဘုရားလမ်းဆုံမှပညာဗောဓိဘုန်းကြီးကျောင်းလမ်းဆုံ ထိ ACလမ်းအဆင့်မြှင့်တင်ရန် အပိုင်းလိုက်လျာထားမှုများနှင့် လမ်းပခုံးဆောင်ရွက်နေမှု လုပ်ငန်းနှင့်စပ်လျဥ်း၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူနှင့် ညွှန်ကြားရေးမှူးတို့က ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက လုပ်ငန်းအတွက်လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစိမ်းတောင်ဘုရား အကွေ့အတက်လမ်း မတ်စောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ အတက်အဆင်းလမ်းမတ်စောက်နေမှုကို ပြေပြစ်အောင်ဆောင်ရွက်ပေးရန်နှင့် လမ်းပခုံးနေရာကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့ပြီး တောင်ကြီးမြို့၊ ထီသိမ်(ViewPoint) ပန်းခြံအဆင့်မြှင့်တင်တည်ထောင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဝန်ဆောင်မှုလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းနှင့်စပ်လျဥ်း၍ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထီသိမ်(ViewPoint)အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့