တောင်ကြီး မေ-၁

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦး စီုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၁)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဖတ်ကြားသည်။
ထို့နောက် အလုပ်သမားရေးရာဆောင်ရွက်ထားရှိမှု Video Clip အားပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (May Day) အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အလုပ်သမားရေးရာလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းများ ပြခန်းများနှင့် ဒေသထွက်ကုန် MSMEs အသေးစား၊ အလတ်စား အငယ်စားပြခန်းများအား လှည့်လည်ကြည့်ရှုအားပေခဲ့ကြကြောင်း သိရှိရသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့