တောင်ကြီး မေ-၃
အများပြည်သူစိတ်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရန်နှင့် စိမ်းလန်းစိုပြေ၊ သာယာလှပပြီး သန့်ရှင်းသောလေကိုရှုရှိုက်ကာ စိတ်ကြည်လင်မှုရရှိစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်တာဝန်ရှိသူ များနှင့်အတူ မေ(၃)ရက် နံနက်(၉) နာရီက တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ ဗိုလ်ချုပ်ပန်းခြံနှင့်စပ်လျဥ်း၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပန်းခြံအားစဉ်ဆက်မပြတ် စိမ်းလန်းစိုပြေပြီး သာယာလှပနေရန်အတွက် ပန်းအလှပင်များ ထပ်မံစိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ သင့်တော်မည့်နေရာတွင် ရေပန်းများလည်း ဆောင်ရွက်ထားရှိပေးရန်လိုအပ်ကြောင်း ဖြည့်စွက်မှာကြားပြီး ပန်းခြံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရပ်ကွက် (၂၀)ကို ရေပေးဝေရေးဆောင်ရွက်လျက်ရှိသည် ရုရှားရေကန် အားသွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူနှင့် ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးတို့က ရုရှားရေကန်နှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မြို့ရေပေးဝေရေးစနစ်ကို အချိန်တစ်ခုယူ၍ ကြိုးစားဆောင်ရွက်ပေးကြရန်၊ ရေမရရှိသေးသည့် ရပ်ကွက်နေရာများကိုလည်း သက်ဆိုင်ရာဌာနက ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးရန် လိုအပ်ပါကြောင်း၊ မြို့ပေါ်ရေပေးဝေရေးနှင့်ပတ်သက်၍ နေ့စဉ်ပုံမှန်ရေပေးဝေနိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းကို တင်ပြပေးစေလိုကြောင်း၊ လက်ရှိရေပေးဝေလျက်ရှိသည့် မြို့ပေါ်ရပ်ကွက်(၂၀)ကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးတင်ပြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်းဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သစ်တောဦးစီးဌာနအနေဖြင့် ရုရှားရေကန် ပတ်ဝန်းကျင်တွင် သစ်တောသစ်ပင်များကို ပြန်လည်ဖြည့်ဆည်းစိုက်ပျိုးပေးရန်နှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ကြောင်း၊ ပျိုးပင်များကိုလည်း ကြိုတင်ပြုစုပျိုးထောင်စိုက်ပျိုးပေးရန် ဖြည့်စွက်မှာကြားခဲ့ပြီး ရုရှားရေကန်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့