Select Page

 

တောင်ကြီး မတ်-၂၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်(၂၉)ရက်မွန်းတည်(၁၂)နာရီက တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှု ဖူးမျှော်ကြည်ညိုကြကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ပါဠိပထမပြန်စာမေးပွဲတွင် ကြီးကြပ်နေသော ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုပြီး စာပြန်ပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်(၂၂၅)သိန်းကို ဆရာတော်ကြီးထံ ပေးအပ်လှူဒါန်းပေးကကြပြီး မြို့လယ်ဓမ္မာရုံဂေါပအဖွဲ့ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မြို့လယ်မ္မာရုံပါ ပါဠိပထမပြန်စာမေးပွဲ အကြီးတန်း၊ အလတ်တန်း၊ မူလတန်းအဆင့် ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား ကြည့်ရှုဖူးမျှော်ကြည်ိုကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊သာသနာလင်္ကာရကမ္ဗောဇ သာသနာ့ဗိမာန်သို့ သွားရောက်ကာ ပါဠိပထမပြန်စာမေးပွဲ မူလတန်းအဆင့်ဖြေဆိုနေသော စာဖြေသံဃာများအား ကြည့်ရှုဖူးမျှော်ကြည်ညို၍ စာပြန်ပွဲကိုကြီးကြပ်နေသော ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုကြကြောင်းသိရသည်။
အဆိုပါအစိုးရဓမ္မာစရိယဖြေဆို(၂၁)ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် အကြီးတန်းအဆင့်(၅၇)ပါး၊ အလတ်တန်းအဆင့်(၁၁၄)ပါး၊ သီလရှင်(၂၁)ပါးဖြေဆိုကြပြီး ကမ္ဘောဇသာသနာ့ဗိမာန်တွင် မူလတန်းအဆင့်(၇၈၀)ပါး၊ ပထမငယ်တန်း(၃၈၁)ပါး ဖြေဆိုကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့