တောင်ကြီး ဧပြီ-၃၀
နေပြည်တော်စုရပ်စခန်းသို့သွားရောက်မည့် ၂၀၂၆ခုနှစ် ရှမ်းပြည်နယ်မှ လူရည်ချွန်မောင်၊မယ်များသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ သြဝါဒခံယူခြင်းကို ဧပြီ(၃၀)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
သြဝါဒခံယူပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဥိးစိုင်းထိန်စိုးက လူရည်ချွန်မောင်မယ်များအား လေ့လာရေးခရီးစဥ်များကို စီစဥ်ပြီး လေ့လာစေလိုသည့်ရည်ရွယ်ချက်ကို သိရှိရန်လိုအပ်ပါကြောင်း၊ ရည်ရွယ်ချက်များကို သိရှိမှသာ လေ့လာရေးခရီးစဥ်တွင် ပိုမိုတန်ဖိုးရှိပြီး အကျိုးများစွာရရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဒေသန္တရဗဟုသုတများစွာရရှိစေရန်၊ ပြည်နယ်/တိုင်းအသီးသီးက လာရောက်တွေ့ဆုံကြသည့် သူငယ်ချင်းမိတ်ဆွေတွေ ရင်းနှီးချစ်ကြည်စေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဦးတည်သော ပြည်ထောင်စုစိတ်ဓါတ် ခိုင်မြဲလာစေရန်၊ အများနှင့်အတူ သွားလာနေထိုင်ပြောဆိုတတ်သည့် အကျင့်စရိုက်ကောင်းများရရှိစေရန် စသည့်ရည်ွယ်ချက်များနှင့် လူရည်ချွန်မောင်မယ်များကို လေ့လာရေးခရီးစဥ်ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း၊ အခုလိုလေ့လာရေး ပို့ဆောင်ပေးသည့်နေရာတွင် Grade-9လူရည်ချွန်မောင်မယ်များသည် ပြင်ဦးလွင်စခန်း၊ Grade-10က အင်းလေး Grade-11ငွေဆောင်စခန်း၊ Grade-12ကနေပြည်တော်စခန်း ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များသည် ရည်ရွယ်ချက်အတိုင်းဒေသန္တရဗဟုသုတများကို စိတ်ဝင်တစား လေ့လာမှတ်သားခဲ့ကြရန်၊ ဒေသအသီးသီး၏ ဓလေ့ထုံးတမ်းစဥ်လာများကို ည်း စိတ်ဝင်စားစေချင်ကြောင်း၊ ပြည်နယ်၊တိုင်းအသီးသီးက လာရောက်ပြီး ဆုံတွေ့ကြရသည့် လူရည်ချွန်အချင်းချင်း မိတ်ဆွေများဖြစ်ပြီး ရင်းနှီးခင်မင်မှုများရကြသည့်အတွက် အဖိုးမဖြတ်နိုင်သည့်ခရီးစဥ်များဖြစ်ပြီး တိုင်းရင်းသားများ သွေးစည် ညီညွတ်ကြရန်၊ ချစ်ခင်ရင်းနှီးရန်၊ တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီရန် အတူသွားအတူစား အတူနေထိုင်ရင်း မောင်နှမရင်းပမာနေထိုင်သွားကြရန်၊ မိမိပြည်နယ်၏ ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းကြရန် မှာကြားလိုကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူများအား ငွေကျပ်(၇၃)သိန်းဂု ဏ်ပြုချီးမြှင့်ပေးရာ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုမှလည်းကောင်း၊ အဆင့်မြင့်ပညာမှ လူရည်ချွန်မောင်မယ်များအတွက် ငွေကျပ်(၁၄)သိန်းကို တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီတင်မှလည်းကောင်း လက်ခံရယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာနာယက ဒေါ်နန်းစိုးစိုးထွေးက ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ)ဒေါ်ခင်မိုးဝင်းမှ အသီးသီးလက်ခံရယူ၍ စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့