ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ရက်
(၃-၄-၂၀၂၆)ရက်၊(၀၉၀၀)အချိန်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်(ပ/၃၅၆၄)သည် ရေအေးကွင်း ရပ်ကွက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တောင်လေးလုံးကျေးရွာအုပ်စုရှိ အမှတ်(၂၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ အေးသာယာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)တို့မှ အခမဲ့မြေလွှဲမိန့် လျှောက်ထားလာမှုများနှင့် ပတ်သက်၍ လျှောက်လွှာပါ မြေဧရိယာနှင့် အလား(၄)ရပ်မှန်ကန်မှု ရှိ/ မရှိတို့ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့