ရွာငံ မေ ၁၉
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယကြီးကျေးရွာအုပ်စု၊ ပွေးပြတ်ကျေးရွာ၊ ဘုန်းတော်ကြီးကေျာင်း၌ မေလ ၁၈ရက်နေ့၊ နံနက်၁၀နာရီအချိန်တွင် ဖိုးလမင်းကျိုင်း (ပိုးစီ) ကာကွယ်နှိမ်နင်းရေး နည်းပညာပေး‌‌ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသန့်နှင့် ဝန်ထမ်းများက ဖိုးလမင်းကျိုင်းကောင်အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ကာကွယ်နှိမ်နင်းနည်းစနစ်များအား ပညာပေးဆွေးနွေးခြင်း၊ ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်သုံးစွဲရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး၊ ပိုးသတ်ဆေးဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုရေးအကြောင်းများကို ဆွေးနွေးခဲ့ကြပြီးပိုးသတ်ဆေးဖြန်းဝတ်စုံနှင့် mask များ ထောက်ပံ့ခြင်းနှင့် ဖိုးလမင်းကျိုင်းကောင်ကာကွယ်ရေးနှင့် မြေဩဇာများကို ထိရောက်စွာအသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့