ရပ်စောက် ဇွန်-၁၇
၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ မြို့ဦး အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် မေတ္တာပျိုးခင်းဖောင်းဒေးရှင်မှလှူဒါန်းသော RCCတစ်ထပ်ကျောင်းဆောင်သစ် အပ်နှင်းပွဲဖွင့်ပွဲကို ဇွန်(၁၇)ရက်နံနက်(၉)နာရီက အဆိုပါကျောင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွေးနံသာရည် ပက်ဖျန်းပေးကြကာ အမှတ်တရသစ်ပင် စိုက်ပျိုးပေးကြသည်။
ထို့နောက် မြို့ဦးအခြေခံပညာမူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ မြန်မာကျောင်းသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ကာ ပအိုဝ်းတိုင်းရင်းသားအကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်လူမှုရေးရာဝန် ကြီးဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားသည်။
၎င်းနောက် တောင်ကြီးခရိုင်ပညာရေးမှူးမှ ဂုဏ်ပြုအမှာစကားပြောကြားပြီး မေတ္တာပျိုးခင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားကာ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ပညာရေးဌာနမှတာဝန်ရှိသူတစ်ဦး လက်ခံယူရသည်။
ယင်းနောက် ပြည်နယ်ပညာရေးဌာန၊ တာဝန်ရှိသူတစ်ဦးက မေတ္တာပျိုးခင်းဖောင်ဒေးရှင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ရပ်စောက်မြို့နယ် မြို့ဦးအခြေခံမူလွန်ကျောင်းအုပ်ဆရာမကြီးက မေတ္တာပျိုးခင်းဖောင်ဒေးရှင်းအား ကျောင်းဆောင်ပုံအမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ပြီး အလှူရှင်များမှ ကျောင်းအတွက် ဗလာစာအုပ်၊ ခဲတံတို့ကိုလှူဒါန်းပေးကာ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် ခဲတံများဝေငှပေးကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျန်းမာရေးကဏ္ဍကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်ရန် အတွက်ရက်(၁၀၀)စီမံချက်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် ရပ်စောက်မြို့နယ်၊ ပင်ဖြစ်တိုက်နယ်ဆေးရုံတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်များ၊ တိုင်းရင်းဆေးကုသရေးအဖွဲ့မှ ဆရာ၊ ဆရာမများက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ကုသပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါရပ်စောက်မြို့နယ်၊ ပင်ဖြစ်တိုက်နယ်ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများမှ အရိုးအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီယပ်၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ အရေပြားအထူးကု၊ သမားတော်၊ သွားအထူးကုနှင့် ဓါတ်မှန်တို့ကို စမ်းသပ်ကုသပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး