တောင်ကြီး မေ-၉
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်တို့သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၉)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက လူငယ်သည် အနာဂတ်၏ကြယ်ပွင့် အနာဂတ်ခေါင်းဆောင်၊ အနာဂတ်တွင်နိုင်ငံကို ခေါင်းဆောင်မည့်သူများအဖြစ် ပြောကြားလိုပါကြောင်း၊ လူငယ်များ၏ စွမ်းဆောင်မှုနှင့် ကြိုးစားအားထုတ်လာမှုကို တကယ်လိုအပ်ပါကြောင်း၊ အနာဂတ်တွင် လူငယ်များအနေဖြင့် အများအကျိုးကို သယ်ပိုးနိုင်ရန်အတွက် လူငယ်များစွမ်းဆောင်ရည်နှင့် အရည်သွေး မြှင့်မားနေရန်လိုအပ်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်လိုသည့် စိတ်ထားများ ပြည့်ဝရမည်ဖစ်ပါကြောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး များစွမ်းဆောင်နိုင်မှ မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရအသစ်လက်ထက်တွင် လူငယ်ရေးရာဝန်ကြီးဌာန အသစ်တစ်ခုဖွဲ့စည်းပြီး တိုင်းရင်းသားလူငယ်များအားလုံး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်နိုင်ရန် အားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မြန်မာကို အခြားသောနိုင်ငံများက ဦးညွတ်လေးစားရအောင် မောင်တို့မယ်တို့က စတင်ပြီးစွမ်းဆောင် ပေးကြရန်လိုအပ်ပါကြောင်း၊ မောင်တိုမယ်တို့ စွမ်းဆောင်နိုင်ရန်အတွက် ယခုအသစ်ဖွဲ့စည်းထားသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနာဂတ်များ မပပျောက်အောင် ပွင့်လင်းစွာ စွမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်က မြန်မာနိုင်ငံတွင် အသိပညာအတတ်ပညာများ အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အသိပညာအတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာအောင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လူငယ်များအချင်းချင်းတွေ့ဆုံပြီး အသိပညာ၊ အတတ်ပညာများ၊ အနုပညာများ ယဉ်ကျေးမှုများ ဖလှယ်ခြင်းဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားယဥ်ကျေးမှု ရိုးရာပွဲတော်များ ကျင်းပပေးခြင်းသည်လည်း ပြည်တွင်းသာမက ပြည်ပအထိ တိုးမြှင့်လျှောက်လမ်းနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်လုပ်ငန်းရှင်များက သိရှိလိုသည်များ တင်ပြဆွေးနွေးမေးမြန်းကြရာ မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြကြောင်း သိရသည်။
ယင်းနောက် ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးခွန်နေမျိုးက ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြပြီးကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ထုတ်လုပ်သည့် ဒေသထုတ်ကုန်များအား ပြည်ထောင်စုဝန်ကြီးများ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား နေရာအရောက် ဂါရဝပြုလက်ဆောင် ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင်အဖွဲ့မှ လူငယ်လုပ်ငန်းရှင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များမှ လူငယ်များ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား (၄၉၅)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့