
မိုင်းရယ် ဧပြီ ၁
မိုင်းရယ်မြို့၊ အမှတ်(၁)ရပ် ကွက်ရှိ ဇိနမာရ်အောင်ကျောင်းတိုက်တွင် ရှင်သာမဏေများ အား ပရိယတ္တိနွေရာသီသင်တန်းဖွင့် လှစ်ပို့ချရာ အဆိုပါသင်တန်းသို့ မိုင်းရယ်မြို့ပေါ်ရှိ ဇိနမာရ်အောင်ကျောင်းတိုက်၊ နောင်မိုကျောင်း တိုက်(မြောက်ကျောင်း)နှင့် ဝါဆိုကျောင်း တိုက်တို့မှ အရှင်ဝိလာသက ပါ ရှင်သာမဏေ ၉ ပါး၊ လားရှိုး/ တန့်ယန်းနှင့် သီပေါမြို့နယ်တို့မှ ရှင်သာမဏေ ၁၆ ပါး၊ စုစုပေါင်း ၂၅ ပါးတို့မှ တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပါဠိ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဗဟုသုတဘာ သာရပ်တို့ပါဝင်ပြီး ပါဠိဘာသာရပ်နှင့် အထွေထွေဗဟုသုတများအား နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)မှဆရာတော် ဘဒ္ဒန္တနန္ဒေါဘာသနှင့် ရှမ်းပြည်နယ်ဗုဒ္ဓ တက္ကသိုလ်(တောင်ကြီး)မှ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတသီရိ တို့မှလည်းကောင်း၊ မြန်မာစာ ဘာသာရပ်အား ဒေါ်ခင်သန်းဌေး (ဆရာမ-ငြိမ်း) မှလည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်အား ဒေါ်သန်းစိန် (ဆရာမ-ငြိမ်း) မှလည်း ကောင်း၊ သင်္ချာဘာသာရပ်အား ဒေါ်နန်းဆိုင်တော့ (ဆရာမ-ငြိမ်း)မှလည်းကောင်း သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့