မိုင်းရယ် ဧပြီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ရဲတပ်ဖွဲမှူး ရဲမှူးမျိုးသန့်ဦး ဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် ပူး‌ေပါင်းအဖွဲသည် မြိုနယ်အတွင်း လိုင်စင်မဲ့မော် ေတာ်ယာဉ်များ အသုံးပြုခြင်းမရှိ စေရေးနှင့် စက်သုံးအရောင်းဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်း သတ်မှတ်နှုန်းထားအတိုင်း ရောင်းချမှု ရှိ၊ မရှိ တိုကို ယနေ့နံနက် ၁၀ နာရီက မြိုအဝင်ဂိတ်နှင့် စက်သုံးဆီဆိုင်များတွင် စစ်ဆေးခဲ့သည်။
အဆိုပါ ပူး‌ေပါင်းအဖွဲသည် မြိုအဝင်ဂိတ်တွင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ရပ်တန့် စေ၍ ယာဉ်မောင်းလိုင်စင် များစစ် ဆေးခြင်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဆောင်ရွက်သည်။
ဆက်လက်၍ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ သတ်မှတ်နှုန်းထားအတိုင်း ရောင်းချခြင်းရှိ၊ မရှိ၊ စနစ်တကျ ရောင်းချမှုရှိစေ ရေးနှင့် အရည်အ သွေးမှန်ကန် စေရေး၊ လိုင်စင်မဲ့မော်‌ တော်ယာဉ်များအား စက်သုံးဆီ ရောင်းချခြင်းမရှိစေ ရေးတိုကို ကြီးကြပ် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့