
ကျိုင်းတုံ ဧပြီ-၃
( ၃ – ၄ – ၂၀၂၆ ) ရက်နေ့၊ (၁၃၀၀) နာရီအချိန်မှ (၁၄၃၀) နာရီအချိန်ထိ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရေနံထွက်ပစ္စည်းတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ချက်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရေနံထွက်ပစ္စည်းတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ချက်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရေနံထွက်ပစ္စည်းတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ချက်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များ၊ ဆီတင်သွင်းသူလုပ်ငန်းရှင်များနှင့်အတူတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရေနံထွက်ပစ္စည်းတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ချက်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရေနံထွက်ပစ္စည်းတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ချက်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူးမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရေနံထွက်ပစ္စည်းတင်သွင်းမှုအခြေအနေများနှင့် ဈေးနှုန်းတွက်ချက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြခြင်း၊ ဆီတင်သွင်းသူ လုပ်ငန်းရှင်များမှ ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းဖြစ်သည့်အတွက် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရေနံထွက်ပစ္စည်းတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ချက်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့