
တန့်ယန်း မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်နှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ဒေါ်နန်းဆိုင်မွန်း၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး က အဖွင့်အမှာစကား ပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ဒေါ်နန်းဆိုင်မွန်း၊ ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင် ကျော်တို့က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး