
တန့်ယန်း ဧပြီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်ရှိ အောင်တော်မူစေတီတော်၏ ဒုတိယအကြိမ်မြောက် ဘုရားအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဧပြီလ ၁ ရက် နံနက် ၉ နာရီက အောင်တော်မူ စေတီတော်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကိုင်းကုန်း ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလတို့ ဦးဆောင်၍ ဘုရားအနေကဇာတင်ပွဲနှင့် လှူဒါန်းပွဲကို ကျင်းပပြီး မွန်းလွဲပိုင်းတွင် ဆရာတော်၊ သံဃာတော် (၅၀၀)ပါးနှင့် သီလရှင် (၅၀)ပါးတို့အား နယ်မြေခံတပ်နယ်မှ အရာရှိများနှင့် မိသားစုများ၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့