ဧပြီ     ၆
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဧပြီ(၆)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်‌ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၃၁)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၉.၂၄)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထ မြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာခဲ့သည်။
အစီအစဉ်အရ ပြည်နယ်လွှတ်တော်ဥက္ကဌက ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခြင်းခံရသောသူက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ အရ အဆိုပြုပေးပို့ထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးစိုင်းထိန်စိုး၏ အမည်ကို ပြည်နယ်လွှတ်တော်သို့တင်ပြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးရန် အဆိုပြုထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌက ပြည်နယ်ဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသောသူက အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့်
ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၈အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသောသူက အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး နံနက် ၁၀နာရီ၁၅မိနစ်တွင် အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးကို နံနက် ၁၁နာရီတွင်  ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ် လွှတ်တော် ဥက္ကဌက နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသောသူက ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်အဆိုပြုထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးစိုင်းထိန်စိုး၏ အမည်ကိုကန့်ကွက် သည့် ကိုယ်စားလှယ်အမည်စာရင်းပေးပို့လာခြင်း မရှိသည့်အတွက် လွှတ်တော်၏အတည် ပြုချက်ရယူခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးဌာနအရေအတွက်၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ရေး အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွှန့်နှင့် သီပေါမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးသီဟလှိုင်တို့က ဆွေးနွေးတင် ပြကြသည့်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဌက ၎င်းအဆိုနှင့်စပ်လျဉ်း၍ နောက်တစ်ကြိမ် ကျင်းပပြုလုပ်မည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဌက နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခြင်းခံရသောသူက ပြည်နယ်တရားလွှတ်တော်တရားသူကြီး ၄ဦးခန့်အပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားများ ပေးပို့လာခြင်းမရှိသည့်အတွက် ပြည်နယ်
လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့သည်။ 
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၇-၄-၂၀၂၆)ရက်နေ့ နံနက်၁၀နာရီတွင်  ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့