
ဆီဆိုင် ဧပြီ-၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှု ရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါကလက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဈေးမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်က မီးဘေးလုံးခြုံရေး ကြိုတင် ဆောင်ရွက်ထားရှိရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းအကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တက်ရောက်လာသည့် ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်စေရန်အတွက် လက်တွေ့မီးငြိမ်းသတ်ခြင်း၊ မီးသတ် ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့