ပင်းတယ ဧပြီ ၂
‎ ရှမ်းပြည်နယ် တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်‎၉ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲနည်းနှင့်စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပသည်။ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပေးပြီး ပန်းချီသင်တန်းပြိုင်ပွဲ နှင့်စာစီစာကုံးရေးသားနည်းပြိုင်ပွဲတွင် ဆုရရှိသကျောင်းသား/သူများအားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌကဂုဏ်ပြုဆုငွေများကို ချီးမြှင့်ခဲ့ကြောင်းသိရကာ အဆိုပါသင်တန်းအား မတ်လ ၅ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၃၀ ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့