
ကျေးသီး မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်၍ငှားရမ်းပေး ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်ဖြင့်မအားလပ်၍ စာကြည့် တိုက်သို့မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကိုလာရောက်၍ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများ အတွက်Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် သုတ၊ရသ များငှားရမ်းပေးပြီး လစဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့