
ကလော မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေး အန္တရာယ်ကြိုတင်ကာ ကွယ်ရေး အတွက် ဒုတိယ ဦးစီးမှူး ဦးဆောင်၍အဖွဲ့ဝင်များသည် မေလ ၁၉ ရက်နေ့ မွန်းလွှဲ ၁ နာရီက ကလောမြို့ပေါ်ရှိဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးဝေဇင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များကဌာနဆိုင်ရာရုံးများဖြစ်သည့် မြို့နယ်သမဝါယမဦးစီးဌာန ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးဌာနတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် လျှပ်စစ်မီးကြိုးများ နှင့် မီးခလုပ်များ အားစစ်ဆေးခြင်း၊မီးချိတ်၊မီးကတ်၊သဲအိတ် ၊သဲပုံး ၊ကနဦးမီးငြိမ်းသတ်ရေးပစ္စည်းများ ထားရှိခြင်း ရှိ / မရှိနှင့်ရေကန်များတွင်ရေများအလုံအလောက်အဆင်သင့်ထားရှိရေးတို့ကိုအသိပညာပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့