ကလော ဧပြီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ၊ က‌လောမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၇ ရက်နေ့ မွန်းလွှဲ ၃ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ၌ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များတက်‌ရောက်ခဲ့သည်။
ရှေးဦးစွာ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်း က မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ပိတ်ပွဲ စီစဉ်ဆောင်ရွက်မည့် အခြေအနေ များ၊ လမ်းလျှောက်သင်္ကြန် ဆောင်ရွက်မည့် တည်ဆောက်ရေးအ‌ခြေအနေများ၊ ရေကစားနိုင်ရေးအ တွက် ရေသွယ်တန်းရရှိရေး၊ လုံခြုံရေးနှင့် ဖျော်ဖြေရေးအစီအစဉ်ယိမ်းအကအဖွဲ့များပါဝင်နိုင်ရေးတို့ ကို သက်ဆိုင်ရာဌာနများမှ ပူပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်ပွဲတော်ဖြစ်မြောက်ရေးဆပ်ကော်မတီအလိုက် မိမိတို့ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်လုပ်ဆောင်ရမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပွဲတော် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ ကြောင်းသိရသည်။
အဆိုပါ မဟာသင်္ကြန်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလဆုတ် ၁၂ ရက်နေ့မှ ကဆုန်လဆန်း ၁ ရက်နေ့ထိ၊ ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့