လားရှိုး ဧပြီ ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိသည်။
ထိုသို့စည်ကားလျက်ရှိရာတွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့အနေဖြင့် မိမိတို့၏ ကောင်းမြတ်သော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လက်ဆင့်ကမ်းထိန်းသိမ်းသည့် အနေဖြင့် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော် ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်ကို ရေစင်သွန်းလောင်းပူဇော်သူများ၊ ဘုရားဖူးပြည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများ၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ အမွှေးတိုင် ဆက်ကပ်ပူဇော်လှူဒါန်းသူများ၊ မြတ်စွာဘုရားရုပ်ပွားတော်မြတ်တို့အား ရေသပ္ပာယ်ပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး