မိုင်းသာ(ခ)တိုင်းဆာ

မိုင်းသာ(ခ)တိုင်းဆာလူမျိုးတို့သည် တိဗက်-မြန်မာနှင့် ထိုင်းတရုတ်အုပ်စုတို့ ပေါင်းစပ် ထားသော အုပ်စုဝင်ဖြစ်၍ မရူ-အဇီ အုပ်စုသည် မူရင်းမိုင်းသာရှမ်းမှ ကွဲထွက်လာသည်။ မိုင်းသာ လူမျိုးကို အချို့က ရှမ်းတရုတ်(ခ)တိုင်းဆာရှမ်း (ခ)ပန်းပဲရှမ်း(ခ)အာချန်ရှမ်း ဟုခေါ်ဆိုကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းနယ်တွင်၎င်းတို့ကိုရှမ်းတရုတ်ဟုခေါ်ကြ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်များတွင် ရှမ်းမိုင်းသာ ဟုခေါ်ကြသည်။ မိုင်းသာ(ခ)တိုင်းဆာတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနယ်နှင့်ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတို့တွင် (၄)နေရာခွဲ၍တွေ့ရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းနမ့်ခမ်းနယ်၊ တရုတ်-မြန်မာနယ်ခြားကျောက်တိုင် အမှတ်(၄၂)အနီး ရွှေလီမြစ်ဝဲယာမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် မိုင်းသာ(ခ)တိုင်းဆာ တို့များဆုံးအခြေစိုက်ရာနေရာများဖြစ်ကြသည်။ တရုတ်နိုင်ငံ ယူနန်နယ်အတွင်း၌လည်း နေထိုင် ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး လယ်ယာ၊ တောင်ယာ၊ ပြောင်း စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပါသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482