ဂုံရှမ်း(ခ)တိုင်းခွန်(ခ)ယွန်း(လာအို)

ဂုံရှမ်း(ခ)တိုင်းခွန်တိုင်းရင်းသားတို့သည် ထိုင်း-တရုတ်အနွယ်ဝင်များဖြစ်ပြီး ရှမ်းလူမျိုးစုတွင် ပါဝင်သည်။ အကြောင်းအမျိုးမျိုးကြောင့် အထက်ပိုင်းမှအောက်သို့ စုန်ဆင်းကြသော် ရှမ်းမျိုးနွယ်ထံမှ မဲခေါင်မြစ်အတိုင်း စုန်ဆင်းလာခဲ့သော ယွန်းရှမ်းများသည် ၁၂ ရာစုအတွင်း ကျိုင်းဆဲင်း၊ ကျိုင်းရိုင်း၊ ကျိုင်းမိုင်တို့ကို ဗဟိုပြုပြီး လန်နာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသည်။အေဒီ ၁၂၄၃ တွင် ယွန်း ရှမ်းတို့သည် ကျိုင်းတုံလွင်ပြင်ကို သိမ်းပိုက်ပြီး (၁)မိုင်းဒမ္မိလပ်၊ (၂)မိုင်းစန္ဒဝဇိရဂမ်း၊ (၃)တုံဂပူရီ၊ (၄) ခေမာရဌ၊ (၅)မိုင်းကျိုင်းတုံဟူ၍ အမည်ငါးမျိုးရှိသော မြို့ကို တည်ထောင်ခဲ့သည်။တနင်္လာနံ ကျိုင်းတုံ မြို့နှင့် ဗုဒ္ဓဟူးနံ ယွန်းရှမ်းတို့ နေ့နံမကိုက်သဖြင့် ကျိုင်းတုံတွင် နေထိုင်သောရှမ်းများကို ဂုံရှမ်းများဟု ခေါ်ဝေါ်စေခဲ့သည်။ ဂုံရှမ်းများသည် ကျိုင်းတုံမြို့နယ်တွင် အများဆုံးနေထိုင်ပြီး သံလွင်မြစ်အရှေ့ဘက် ခြမ်းရှိ မြို့နယ်များသို့ ပျံ့နှံ့ရောက်ရှိနေထိုင်ခဲ့ကြသည်။ဂုံရှမ်းများသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။လယ်ယာစိုက်ပျိုးရေး၊ ယွန်းထည်လုပ်ငန်း၊ မြေအိုးမြေခွက်လုပ်ငန်း၊ ပန်းဘဲလုပ်ငန်း၊ ရိုးရာအထည်လုပ်ငန်း၊ ဝါးဖြင့်ပြုလုပ်သော ထုတ်ကုန်လုပ်ငန်း၊ တိရိစ္ဆာန်သားရေဖြင့် ပြုလုပ်သော စားသောက်ကုန်လုပ်ငန်းတို့ကိုလုပ်ကိုင်လာကြသည်။ ရိုးရာပွဲတော်များအဖြစ် နန္ဒဘေရီစည်တော်တင် ပွဲ၊ မြို့ရွာစောင့်နတ်များကို ပူဇော်ပသပွဲကျင်းပလေ့ရှိကြသည်။အထင်ကရနေရာများမှာ နောင်တုံကန်၊ စော်ဘွားသင်္ချိုင်း၊ ကျိုင်းဖောင်ရေပူစမ်း၊ လွယ်မွေတောင်ပေါ်အပန်းဖြေစခန်း၊ သစ်တစ်ပင်ထောင်၊ ပန်ကွဲဗုဒ္ဓဥယျာဉ်၊ စွမ်းခမ်းစေတီတော်၊ ရပ်တော်မူဘုရားကြီး၊ ထပ်စွမ်လွဲစေတီစသည်တို့ဖြစ်သည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482