အာခါ(ကော်)

အာခါတိုင်းရင်းသားလူမျိုးတို့သည် အေဒီ(၁၀)ရာစုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော လိုလိုမျိုးနွယ်စုဝင်ဖြစ်သည်။ အာခါလူမျိုးအများစုမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ရှိ တောင်စောင်းများတွင် အနေများကြသည်။ ခါးထောင် ဖား(အဖွေလော) နှစ်သစ်ကူးပွဲတော်သည် အာခါတိုင်းရင်းသားလူမျိုးများ၏ ထူးခြားသည့်ဓလေ့ပွဲဖြစ်သည်။ အိမ်တိုင်းတွင် မိမိတို့၏ဘိုးဘေး ဘီဘင်ကို ကိုးကွယ်ရန်(ပါလော့) ခေါ် ဘုရားစင်ထားရှိသည်။ နှစ်စဉ် သရဲ၊ တစ္ဆေ၊ နတ်ဆိုးမောင်း ထုတ်ပွဲတွင် သရဲ၊ တစ္ဆေများကို ရွာတံခါးအပြင်သို့ မောင်းထုတ်သည့်ခြင်း၊ အိမ်တိုင်း၏လယ်ခြံများ တွင် ဟွန်ဖီဟုခေါ်သည့် နတ်စင်တည်ထောင်ပြီး စပါးသီးနှံအထွက်တိုးရန်၊ နေကောင်းကျန်းမာရန် ဆုတောင်းခြင်း စသည့်ဓလေ့များကို တိကျစွာလိုက်နာရသည်။ အာခါလူမျိုးများသည် ရွာသစ် တည်ရန် လိုအပ်သည့်အခါတွင် ရွာအကြီးအကဲဦးစီးပြီး သင့်လျော်မည့်နေရာရွေးချယ်ကာ ကြက်ဥ ကို ညာဖက်နားရွက်အနီးမှကိုင်၍ လွှတ်ချသည့်ဓလေ့လုပ်ကြသည်။ ထိုလွှတ်ချလိုက်သည့်ကြက်ဥ ကွဲခဲ့သော် ထိုနေရာတွင် ရွာတည်ရန် ရွာအကြီးအကဲက သတ်မှတ်ရသည်။ အကယ်၍ ရွာအကြီးအကဲက လွှတ်ချလိုက်သော ကြက်ဥမကွဲခဲ့သော် ရွာတည်ရန်မသင့်ဟု သတ်မှတ်ကာ အခြားနေရာသို့ ပြောင်းရွှေ့ရှာဖွေရသည်။ အာခါတိုင်းရင်းသားလူမျိုးများ၏ လက်မှုအတတ်မှာ ပန်းဘဲလုပ်ငန်းဖြစ်ပြီး အဓိကအသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်သည်။ အာခါတိုင်းရင်းသားလူမျိုးများ၏ ကနဦး ကိုးကွယ်မှုဘာသာသည် အာခါရိုးရာဘာသာ (အဖွေ ပေါ်လော်-အာခါဇန်း)ဘာသာဖြစ်သည်။ ယနေ့ခေတ်တွင် အာခါဇန်း ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိလာကြသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482