
တောင်ကြီး သြဂုတ်-၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်သယံဇတရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၁၁)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အတွင်းဝန်များရုံးဟောင်းရှိ ဝန်ထမ်းသက်သာချောင်ချိရေး အရောင်းဆိုင် အားသွားရောက်ကြည့်ရှုစစ်ဆေးရာ တဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြေခံစားကုန်ပစ္စည်းများ ရောင်းချရာတွင် အမြတ်အစွန်းထက် ဝန်ထမ်းသက်သာချောင်ချိရေးကို အဓိကဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ဝန်ထမ်းများက MSME ဒေသထွက်ကုန်များ ဝယ်ယူအားပေးနိုင်ရန် စနစ်တကျ စီမံရောင်းချပေးစေလိုကြောင်း၊ ဝန်ထမ်းများ၏ ဝယ်လိုအားအပေါ်မူတည်၍ အခြေခံစားကုန်ပစ္စည်းများ တိုးချဲ့ရောင်းချနိုင်ပေးနိုင်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အရင်းမပျောက်မတည်ငွေ ထပ်မံရယူလိုပါက တင်ပြပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားပြီးဆန်၊ ဆီနှင့် လူသုံးကုန်ပစ္စည်းများ၊ စာရေးကိရိယာများ၊ ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန်ပစ္စည်းများ၊ ပစ္စည်းသိုလှောင်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းသာသက်ချောင်ချိရေး အရောင်းဆိုင်ကို ရှမ်းပြည်နယ်အစိုးအဖွဲ့မှ မတည်ငွေကျပ်သိန်း (၂၀၀)ဖြင့် အဓိက အခြေခံစားသုံးကုန်ပစ္စည်း (၁၄)မျိုးနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိပြီး ဝန်ထမ်းသာသက်ချောင်ချိရေး အရောင်းဆိုင်မှ အသားနှင့်ငါးများကိုလည်း နေ့အလိုက် နံနက် (၇)နာရီ မှ(၉)နာရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန် အကွက်ကြီးအမှတ်(၁၀၂)တွင် UNI ENERGY CO.,Ltd.မှ ဆောင်ရွက်နေသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၁၀-မဂ္ဂဝပ်)စီမံကိန်းသို့ သွားရောက် ကြည့်ရှုရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်း ပထမအဆင့်တွင် လျှပ်စစ်ဓါတ်အား (5-မဂ္ဂဝပ်) ထွက်ရှိမည်ဖြစ်ပြီး အေးသာယာစက်မှုဇုန်အတွက် လျှပ်စစ်ဓာတ်အားမြှင့်တင်ပေးနိုင်မည့် အခြေအနေနှင့် နိုဝင်ဘာလတွင် စီမံကိန်းအပြီးသတ်ဆောင်ရွက်၍ ဒီဇင်ဘာလတွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ရှမ်းရိုးမမွေးမြူရေးဇုန်နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ နှစ်စဥ်နှစ်တိုင်း လိုအပ်လျက်ရှိပါကြောင်း၊ စီမံကိန်းနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၁၀-မဂ္ဂဝပ်) စီမံကိန်းလုပ်ငန်းခွင်တွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ထရန်စဖော်မာထားရှိမည့်နေရာ ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ ဂနိုင်ကန်သာယာ(၃)သို့ သွားရောက်၍ ကန်အတွင်း ရေများစီးဝင်သည့် ရေနုတ်မြောင်းအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာ ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေနုတ်မြောင်းမှတစ်ဆင့် ကန်အတွင်း ရေနှင့်အတူ ပါရှိလာသောအမှိုက် များသိမ်းဆည်း ဆယ်ယူမည့် လုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လာမည့်နွေရာသီကာလတွင် ကန်ပတ်လမ်းအား ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ရန်နှင့် ဆိုလာမီးများ တပ်ဆင်ပေးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကန်တောင်ဘက်ခြမ်း ခြံစည်းရိုးကာရံရန် ကွန်ကရစ်တိုင် စိုက်ထူဆောင်ရွက်နေမှုကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး