
ပန်ဆန်း သြဂုတ်-၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၆)ရက်ညနေ(၄)နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)`ဝ´အထူးဒေသ(၂)ပန်ဆန်းရှိ ပန်ဆန်းပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးလာရောက်ကုသမှုခံယူနေသော ပြည်သူများကို အားပေးစကား ပြောကြားပြီး အာဟာရပြည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြသည်။
ထို့နောက် ပန်ဆန်းပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အများပြည်သူကျန်းမာရေးကို စောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာန ကိုယ်စား ပြည်သူကို အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးကြရန် ပြောကြားလိုကြောင်း ၊ပြည်နယ်
အစိုးရအဖွဲ့ ရောက်ရှိလာစဥ် အခက်အခဲများရှိပါက တင်ပြပေးကြရန် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများမှ ဂါရဝပြု အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ကြးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်`ဝ´ပြည် နယ်ပြည်သူ့ဆေးရုံအမှတ်(၁)သို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်ဆန်းအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ လိုအပ်ချက် များကို ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိပညာသင်ကြားနိုင်ရေး၊ ကျောင်းနေကလေးတိုင်း ပညာတတ်မြောက်ရေးအတွက် ကြိုးစားပေးကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတာဝန်ကျသည့် ဒေသတွင် တပည့်များကို သက်ဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်စွာတတ်မြောက်အောင် စနစ်တကျသင်ကြားပြသပေးကြရန် လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် အခက်အခဲများရှိပါက ဆရာ၊ ဆရာမများမှ တင်ပြပေးမှသာ သိရှိရမည်ဖြစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို တင်ပြပေးရန်ရှိသည်များကို ဆက်လက်တင်ပြဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိဘ၊ ဆရာ၊ ကျောင်းသား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးမှသာ ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပန်ဆန်းအခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏ လိုအပ်ချက်များ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေများပေး အပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ပြုပြင်ရန်လိုအပ်လျက်ရှိသည့် ကျောင်းမျက်နှာကျက်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားကာ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားပြီး ကျောင်းအတွက် အဝီစီတွင်း တူးဖော်မည့်မြေနေရာအားကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး