ရွာငံ      ဩဂုတ်    ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်အတွင်းသို့ရောက်ရှိနေကြသောအကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရပ်စွန့်ခွာပြည်သူများအားထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် (၁၈) ရက် ၊ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်မြို့အကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ရွာငံမြို့နယ်တွင် ယာယီနေရပ်စွန်ခွာပြည်သူ (၁၅၇) ဦးရှိပြီး တစ်လတစ်ဦးလျှင် ကျပ် (၂၀၀၀၀) နှုန်းဖြင့် ( ဧပြီ ၊ မေ ၊ ဇွန်) သုံးလစာ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

‎ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး