
တောင်ကြီး ဩဂုတ်လ ရက်
(၁၈-၈-၂၀၂၅)ရက်၊ (၀၈၀၀)အချိန်၊ ရပ်စောက်မြို့နယ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၌ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး နှင့်တပ်မတော်အရာရှိကြီးများ၊ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ အပါအဝင် စုစုပေါင်းအင်အား (၂၀၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အတူလိုက်ပါ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး