
မောက်မယ် သြဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်း အစိုးရဝန်ထမ်းပေါင်း စုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ်အတွက်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငွေလမင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ဥက္ကဌ အဖြစ်တာဝန်ယူဆောင် ရွက်နေသော မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်တို့ကအမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်အမှုဆောင်အဖွဲ့မှ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်း ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ အသင်းသူအသင်းသားများအားလုံးက အတည်ပြု လက်ခံကြပြီး လစ်လပ်သွားသောအမှုဆောင်(၂)ဦးတို့ကို အစားထိုးရွေးချယ်ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက အသင်းသား/အသင်းသူများ၏ သားသမီးများထဲမှ ၂၀၂၄−၂၀၂၅ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် စုဆောင်းငွေကျပ်(၁၀)သိန်းနှင့်အထက် စုဆောင်းငွေရှိသူများအား ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော အသင်းသား/အသင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး