ကျိုင်းတုံ ဩဂုတ်-၁၇
ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းသည် ပြည်နယ်အဆင့်(ဆည်/မြောင်း၊ လမ်းဦးစီး၊ စည်ပင်၊ လျှပ်စစ်)ဌာနဆိုင်ရာများ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့်တာဝန်ရှိသူများလိုက်ပါလျက် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့သို့ ထွက်ခွာလာရာ ၁၀:၄၅အချိန်တွင် ရောက်ရှိခဲ့ပြီး နမ့်စင်ချောင်းရေတိုက်စားမှု‌ကြောင့် တုံတာမြို့တွင်း စည်ပင်သာယာရေးဌာနပိုင် ခြံစည်းရိုးအုတ်တံတိုင်းနှင့် လျှပ်စစ်ဝန်ထမ်းအိမ်ရာ အုတ်တံတိုင်းများ ရေတိုက်စားပြိုကျမှုဖြစ်ပွားသည့်နေရာအား လှည့်လည်ကြည့်ရှုစစ်‌ဆေးခြင်း၊ ရေတိုက်စားမှုဖြစ်ပွားသည့်နေရာအား ကြည့်ရှုစစ်ဆေး၍ လက်ရှိရေတိုက်စားလျှက်ရှိသော နမ့်စင်ချောင်းအား ရေစီးကြောင်းပြောင်းလဲစေရေးအတွက် ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရေလွှဲရေကာတန်းဆောင်ရွက်နိုင်မည့် နေရားအားသတ်မှတ်ပြီး အမြန်ဆုံးဆောင်ရွက်နိုင်ရေး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်၍သက်ဆိုင်ရာစည်ပင်ဦးစီးဌာနနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအနေဖြင့်လည်း သက်ဆိုင်ရာဌာနမြေနေရာများအလိုက်မျောတုတ်များရိုက်‌ခြင်း သဲအိတ်များ‌ဖြင့် ကာရံမြေဖို့ဆောင်ရွက်ခြင်းများအားအမြန်ဆုံးဆောင်ရွက်စေရေးလမ်းညွှန်မှာကြားခဲ့ပါကြောင်းသိရှိ ရသည်၊၊
ဆက်လက်၍ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် ပြည်နယ်အဆင့်(ဆည်/မြောင်း၊ လမ်းဦးစီး၊ စည်ပင်၊ လျှပ်စစ်)ဌာနဆိုင်ရာများ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့်တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်ကျိုင်းတုံ-တောင်ကြီးကားလမ်း ချောင်းရေတိုက်စားမှုအပေါ် ယာယီကမ်းထိမ်းခြင်းလုပ်ငန်း ဦးစားပေး-၁(၆၂၇ Km- ၆၂၈ Km အတွင်း နမ့်အော်ချောင်းတူးခြင်း(၅၀၀’)နှင့် ကမ်းထိန်းကဒစ်တန်းတည် ဆောက်ခြင်း(၂၅၀’)၊ ဦးစားပေး-၂(၆၂၄ Km- ၆၂၅ Km အတွင်း နမ့်အော်ချောင်းသဲနုန်းတူးဖော်ပေါင်ဆင့်ခြင်း(၆၀၀’)နှင့် ကမ်းထိန်းကဒစ်တန်းတည် ဆောက်ခြင်း(၅၀၀’)၊ ဦးစားပေး-၃(၆၂၄ Km- ၆၂၅ Km အတွင်း နမ့်အော်ချောင်းတူးခြင်း(၁၀၀’)နှင့် ကမ်းထိန်းကဒစ်တန်းတည် ဆောက်ခြင်း(၁၀၀’) လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး