
ကျိုင်းတုံ ဩဂုတ်-၁၆
ကျိုင်းတုံမြို့၊ရပ်တော်မူဘုရားကြီးတွင် ဝါတွင်း ( ၃ ) လအတွင်း အပတ်စဉ်ကျင်းပမည် ဖြစ်သည့် စုပေါင်းဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို ဩဂုတ်လ( ၁၆) ရက်၊ နံနက်( ၆ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ (ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း နှင့် ဇနီး သည် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ စစ်ဘက်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် အတူတက်ရောက်ခဲ့ပြီး သံဃာတော်နှင့် သီလရှင်တို့အား ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းလောင်းလှူခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး