ပင်းတယ ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊မိုင်းလီကျေးရွာအုပ်စု၊အိမ်ပုကျေးရွာတွင် ဩဂုတ် ၁၅ရက်နံနက်ပိုင်းကပင်းတယမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်သစ်တောစီးမှူးဦးခန့်မင်းမော်ကဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ဒုတိယ (အကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပပြု
‎လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ကျောင်း‎အုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့်ဒေသခံပြည်သူများ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက်ရည်ရွယ်ကာ ခါတော်မှီ၊ချယ်ရီ၊စိန်ပန်းနီနှင့်စိန်ပန်းပြာ စုစုပေါင်း (၁၀၀၀ ) ပင်ကိုသတ်မှတ်နေရာ အသီးသီး၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
‎ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး‎အစည်းအဝေးခန်းမတွင် ဒေသရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့်ရွေး‎ကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‎ဝေး(၁/၂၀၂၅)ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေ‎သရွေးကော်ပွဲကော်မရှင်ဥက္ကဌဦးမောင်မောင်‎ကျစ်က မိတ်ဆက်ခြင်းနှင့်အဖွင့်အမှာစကား‎ပြောကြားသည်။ထို့နောက် ဓနုကိုယ်ပိုင်အုပ်‎ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်နှင့်ရွာငံမြို့‎နယ်တို့မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသေရွေး‎ကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပေးခဲ့ကြပြီး၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမြလှိုင်က ရွေးကောက်ပွဲဆိုင်ရာကိစ္စ
‎ရပ်များအား ရှင်းလင်းပြောကြားပေးသည်။ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေး‎မြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်‎လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့်အ‎လားတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‎ရုံး အစည်းအဝေးခန်းမတွင်လည်း မြို့နယ်ရွေး‎ကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များ တွေ့‎ဆုံမိတ်ဆက်ခြင်းနှင့်ရွေးကောက်ပွဲဆိုင်ရာ လုပ်‎ငန်းညှိနှိုင်အစည်းအဝေး (၁/၂၀၂၅) ကိုပြုလုပ်‎ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး