ဆီဆိုင် ဩဂုတ်-၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ၁၂ရက် နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုး က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူတို့မှ သင်တန်းထူးချွန်သူ (၅) ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကို အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာမွမ်းမံသင်တန်းကို သင်တန်းသား (၁၃)ဦး တက်ရောက်ကြပြီး သင်တန်းအား ဇူလိုင်လ (၂၉)ရက်နေ့မှ ဩဂုတ်လ (၁၂)ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး