‎ပင်းတယ     ဩဂုတ်     ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊သိမ်ကုန်းကျေးရွာ‎အုပ်စု၊သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဩဂုတ်လ(၁၂)ရက်နံနက် ၁၀ နာရီအချိန်ကပြည်‎သူလူထုတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြု‎လုပ်ခဲ့ရာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်ဆက်စပ်သည့်ဌာနဆိုင်ရာများနှင့်ကျေးရွာသူ/ကျေးရွာသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပထမဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦး‎စီးအဖွဲ့ဥက္ကဌဦးအာကာလင်းက ပင်းတယမြို့‎နယ်တွင် ဇူလိုင်လ ၂၅ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့ထိကြောင့်မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် သိမ်ကုန်းကျေးရွာအုပ်စု၊ကုန်းစောင်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရှိကျေးများ‎တွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်‎ပျိုးမြေများ၊လမ်းတံတားများ၊အိမ်ခြံမြေများ‎ပျက်စီးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊အဆိုပါသဘာဝဘေးကြောင့် ပျက်‎စီးခဲ့သည့်နေရာများ မိမိတို့နှင့်အတူဆက်စပ်သည့်ဌာနများမှ အချိန်နှင့်တပြေးညီ ကူညီကယ်‎ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေး‎‌နေပြီး၊ယခုအခါ ရေကြီးရေလျှံမှုကြောင် လယ်‎ယာများတွင် စိုက်ပျိုးထသည့် မိုးသီးနှံစိတ်ခင်း‎အများအပြားပျက်စီးခဲ့ပါကြောင်းနှင့်ဆောင်းသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် အ‎တွက်လုပ်ဆောင်ပေးနေပြီဖြစ်ပါကြောင်းနှင့်ယ‎ခုဖြစ်ပွားခဲ့သည့် သဘာဝဘေးမှာ အဓိက သစ်‎တော သစ်ပင်များပြုံးတီးလာခြင်းကြောင့်ဖြစ်‎ပါကြောင်း၊မိဘပြည်သူများအနေနဲ့လည်း သစ်‎တောသစ်ပင်များကို ပြန်လည်စိုက်ပျိုးပေးစေလိုကြောင်းနှင့်ပျက်စီးဆုံးရှူံးခဲ့သည် အိမ်များနှင့်‎စိုက်ပျိုးမြေများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဌာနကို တင်ပြတောင်းခံပြီးလုပ်ဆောင်ပေးသွားမည်ဖြစ်‌ကြောင်း စသည်‎ဖြင့်ပြောကြားပေးသည်။
‎ထို့နောက် ပြည်နယ်ဘူမိ‌ဗေဒလေ့လာရေးနှင့်‎ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ပင်းတယမြို့‎နယ်တွင် ‌ရေကြီးမှုနှင့်တောင်ပေါ်မြေများပြိုကျ‎ခဲ့ရသည့်အခြေအနေနှင့်မြေပြိုမှုအ‌ခြေအနေများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပေးသည်။ယင်းနောက် ရေကြီးရေလျံ‎မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ‎က မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက်‎အသီးသီး အသိပညာပေးပြောကြားပေးသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းအစီအ‎စဉ်အားဆက်လက်ကျင်းပရာ တက်ရောက်လာ‎သည့် ဒေသနေပြည်သူများက မိမိတို့၏ဒေသဖွံ့‎ဖြိုးတိုးတက်ရေးအတွင်လိုအပ်သည်များကို‎ပြောကြားရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦး‎စီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာ‎နမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ စက်ယန္တရားနှင့်စက်သုံးဆီ‎ထောက်ပံ့ပေးပြီး ကျေးရွာလူထုပူးပေါင်းပါဝင်မှုဖြင့် တောင်ကျမိုးရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် ပန်ပိုင်းတံတား ပြန်လည်ပြုပြင်ပြီးစီးအခြေအနေများနှင့်တောင်ရှည်ကျေးရွာအုပ်စု လည်ပြင်ကျေးရွာ Pilort project ဖြင့် ဆင်းရွှေကြာ ၂ စိုက်ပျိုးမည့်နေရာများ၊ လယ်ယာမြေစိုက်ခင်းအတွင်းရေပေးဝေနိုင်ရေးအတွက် ရေနှုတ်မြောင်းတူးဖော်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုကာ  လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်းသိရသည်
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး