
မိုင်းပန် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မွေတော်)၏ ကျောင်းကောင်စီဖလား မိုးရာသီ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများ အခမ်းအနားကို အ.လ.က(မွေတော်)၊ အားကစားကွင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.လ.က(မွေတော်)၊ ကျောင်းသား/သူများ၏ ဘင်ခရာအဖွဲ့က အာရှမြန်မာသီချင်း ဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/များအား အောင်ပွဲကြိုပန်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကွယ်က လူငယ်နှင့် အားကစားစိတ်ဓာတ်၊ အသင်းအဖွဲ့များနှင့် စည်းလုံးစွာဆောင်ရွက်တတ်စေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်နှင့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစေရန်အတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများစတင်ယှဉ်ပြိုင်လိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး