ပင်လောင်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဌဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်အဖွဲ့ဝင်များက အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများအား လိုက်လံနှုတ်ဆက် အားပေးခဲ့‌ကြသည်။
ထို့နောက် ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းရာ ပထမပွဲစဉ်တွင် အထက ပင်ခွန်‌ ဘောလုံးအသင်းက အထက(ခွဲ)ဆောင်ဆီး ဘောလုံးအား နှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဒုတိပွဲစဉ်တွင် အထက (ခွဲ) ဝါးလီ ဘောလုံးအသင်းက အထက(၂)ဘောလုံးအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြကြောင်း၊ ယင်းနောက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုးလုံလေလုံအားကစားရုံ၌ အေရိုဗစ်ပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဌဖလား ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲဝင်အသင်း (၁၆)သင်း၊ အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲဝင်အသင်း(၂၁)သင်း၊ အခြေခံပညာကျောင်းများမှ အမျိုးသမီးဘောလုံးအသင်း(၁၂) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ အခြားပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများမှ အေရိုဗစ် (၁၃) သင်း၊ Fitness Dance (၂၃) သင်း၊ ဘောလီဘော် ၄သင်း၊ ကြက်တောင် ၁၅ ဦး ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး