
တောင်ကြီး ဩဂုတ်-၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးတို့မှ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၃)၌ ဩဂုတ်လ(၁၁)ရက်၊ နေ့လည်(၃)နာရီခွဲတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁၀မဂ္ဂါဝပ်) စီမံကိန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ အေးသာယာမြို့အုပ်ချုပ်ရေးမှူး၊ စီမံကိန်းဆောင်ရွက်နေသည့် UNI ENERGY COMPANY မှ တာဝန်ရှိသူတို့နှင့်အတူလိုက်ပါ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်သန့်ရှင်းသာယာလှပမှုရှိစေရေး သွားရောက်ကြည့်ရှုရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူလိုက်ပါ၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး