
မောက်မယ် သြဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကျောင်း သား/ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပန်းဘဲ စာအုပ်စာစောင်များ အဆင်ပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ဩဂုတ်လ(၁၁)ရက်နံနက် ၁၀ နာရီက စဉ့်ဝင်ကျေးရွာအုပ်စု၊ အ.မ.က(နောင်ခမ်း)သို့ တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များယူဆောင်၍ စာဖတ် ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင် က “တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်းမမှား စေရန် လိုအပ်သောကြောင့် စာပေလေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင် မှန်ကန် စွာဆောင်ရွက်နိုင်ရန် စာပေမှတဆင့်လေ့လာနိုင်ရေး၊ မိမိတို့ကိုယ်တိုင်ရည်မှန်းချက်များကို အောင်မြင် စွာအကောင်အထည် ဖော်နိုင်စေရန်အတွက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချပြီး ယဉ်ကျေး လိမ္မာသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများဖြစ်ပေါ်လာစေရေး” စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ် ချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ် စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း အနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအားဖတ်ရှုစေခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလတ်စတစ်အသုံးပြုမှု လျော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံ များအား ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား/ ကျောင်းသူ များကစိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး