ပင်းတယ ဩဂုတ် ၉
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့၊ပြန်ကြားရေးနှင့်ပြည်‎သူ့ဆက်ဆံရေးဦးစီးဌာန၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community‎Centre ၌ ဩဂုတ်လ(၉)ရက်နံနက် ၉ နာရီအချိန်က ဒေသအ‎သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်‎လှစ်သည့် ” လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ ” ‎အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲ‎အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ‎သည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ‎တီဥက္ကဌဦးထိန်လင်းအောင်က အဖွင့်အမှာစ‎ကားပြောကြားပေးသည်။ဆက်လက်၍ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ‎တီဥက္ကဌနှင့်တာဝန်ရှိသူများမှ လုပ်ငန်းလုပ်ကိုင်ထူထောင်မည်သင်တန်းသား/သင်တန်းသူ (၃)‎ဦးအတွက် သင်တန်းထွက်ကုန်ပစ္စည်းများနှင့်လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကိုပေးအပ်‎သည်။ထိုနောက် ဒေသအသေးစားစက်မှုလုပ်‎ငန်းဦးစီးဌာန ဒေသဦးစီးမှူးဒေါ်အေးအေးသန့်
‎က သင်တန်းသား/သင်တန်းသူများအား သင်‎တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတင်တန်းအား ဩဂုတ်လ( ၅ )ရက်နေ့မှ‎ဩဂုတ်လ( ၉ )ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊၎င်းသင်တန်းတွင် ယာယီနေရပ်စွန့်ခွာ‎သူ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၂)‎ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး