ကလော ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့နယ်တွင်ဘုန်းတော်ကြီးကျောင်းများနှင့်အ‌ခြေခံပညာ‌ကျောင်းတို့တွင်အပတ်စဉ်စနေနေ့တိုင်း ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၉ ရက် နံနက် ၇ နာရီက ကလောမြို့သမိုင်းဝင်နှီးဘုရားကျောင်းတော်ကြီးပုရဝုဏ် အတွင်း၌ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလောတပ်နယ် အရာရှိစစ်သည်များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ကလောတပ်နယ်စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ကလောတပ်နယ်အရာရှိစစ်သည်များပူးပေါင်း၍ ကလောမြို့သမိုင်းဝင်နှီးဘုရားကျောင်းတော်ကြီးပုရဝုဏ် အတွင်းရှိ ချုံနွယ်၊ မြက်ပင်၊ အမှိုက်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုကိုကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်း‌ကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာတွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နံနက် ၉ နာရီက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း‌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာ၊ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် နှင့်တာဝန်ရှိသူများက မိုးစပါးစီမံကိန်းတွင်ပါ၀င်သည့် “ဘုရားပျို” စိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ဧက (၃၅၀) စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု့စစ်‌ဆေးခဲ့ပြီးအသင်းမှ လိုအပ်သည့် သွင်းအားစုများအား ရရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ကလောမြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား၍‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ ခန်းမ၌ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစု(လီမိတက်)၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေး‌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကလောမြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဌ သဘာပတိ ဦးခင်ထွန်း ကအဖွင့်အမှာစကား‌ပြောကြားပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် က လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ဆက်လက်ပြီးရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း သမဝါယမအသင်းစုချုပ် ဥက္ကဌ က လမ်းညွှန်းအမှာစကားပြောကြားပြီး ကလောမြို့နယ်သမဝါယမအသင်းစုမှတာဝန်ရှိသူများက အမှုဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ် အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် သဘာပတိ က အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊စာရင်းစစ်အစီရင်ခံစာနှင့်နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်း၊အသင်း ၏ရှေ့လုပ်ငန်းစဉ်များ၊အသင်းအမှု‌ဆောင် ၏တင်ပြမှုအမှာစာများကို အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒ သဘော ထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး