
တောင်ကြီး ဩဂုတ်-၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြို့လုံးကျွတ် ဝါတွင်းကာလ အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲ အခမ်းအနားကို ဩဂုတ်လ(၇)ရက်၊နံနက်(၅)နာရီက ကန်အောက်ရပ်ကွက်၊ သာသနာလင်္ကာရ ကမ္ဘောဇသာသနာ့ ဗိမာန်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များမှ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၆၅)ကျောင်းမှ သံဃာတော် (၆၃၀)ပါးတို့အား အရုဏ်ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ ပါဝင် လောင်းလှူခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး