‎ပင်းတယ ဩဂုတ် ၇
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တောင်ပေါ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ(၇)ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်‎သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာရေးဦး‎စီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအ‎တွက် လူငယ်စကားဝိုင်းနှင့်အသိပညာပေးဟော‎ပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
‎ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‎ဦးစီးဌာန၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အ‎ဆင့်ရုံးပင်းတယမှ လက်ထောက်ညွှန်ကြားရေး‎မှူး ဒေါ်ကြူကြူလှိုင်နှင့်ဒုတိယမြို့နယ်ပညာ‎ရေးမှူးတို့က လူငယ်စကားဝိုင်းကျင်းပပြုလုပ်‎ရပေးခြင်းနှင့်ပတ်သက်ပြီးအသီးသီး အမှာ‎စကားပြောကြားပေးသည်။
‎ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဒုတိယဦးစီးမှူးဒေါ်ခိုင်ကြည်‎ဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး တောင်ပေါ်ကြီးကျေးရွာအခြေ‎ခံပညာအထက်တန်းကျောင်းမှ Grade -10၊ Grade – 11နှင့် Grade – 12 ကျောင်းသား/ကျောင်းသူများက “လူငယ်နှင့်ယဉ်ကျေးမှု၊လူ‎ငယ်နှင့်မူးယစ်ဆေးဝါး၊လူငယ်နှင့်‌အောင်မြင်ခြင်း၊လူငယ်နှင့်နည်းပညာ၊လူငယ်နှင့်ကိုယ့်ကျင့်‎တရားနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစရှိသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာဦး‎ဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြသည်။
‎ယင်းနောက် မွန်းလွဲပိုင်းတွင် လူငယ်အသိပညာ‎ပေးဟောပြောပွဲကိုပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာ‎နမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအ‎လိုက် အသိပညာပေးဟောပြောပေးခဲ့ကြပြီး၊
‎ ” အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ” အကြိုအသိပညာပေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)က လက်ထောက်‎ညွှန်ကြားရေးမှူးက ဆွေးနွေးပြောကြားပေးခဲ့ကြောင်းနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ စာအုပ်စာစောင်များ၊အသိပ‎ညာပေးနံရံကပ်စာစောင်တို့ကို ပြသဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့