
ဆီဆိုင် ဩဂုတ်-၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာမွမ်းမံသင်တန်း ကို ဩဂုတ်လ(၇)ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျောင်မျိုးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ဆီဆိုင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ မှ သင်တန်းသူများအား ကုန်ချော ပစ္စည်းများကို ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတို့က သင်တန်သူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ စက်ချုပ်နည်းပညာမွမ်းမံသင်တန်းကို သင်တန်းသူ (၁၁)ဦး တက်ရောက်ကြရာ ဩဂုတ်လ (၆)ရက်နေ့မှ ဩဂုတ်လ (၂၀)ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး