ပင်းတယ   ဩဂုတ်   ၇
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်‎ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊တွင် ဇူလိုင်‎လ ၂၅ ရက်မှ  ၂၈ ရက်နေ့ အထိမိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးမြေများ၊လမ်းတံတားများရေ‎ကြီး နှစ်မြုပ်ခဲ့ရာ စိုက်ပျိုးမြေများတွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြန်လည်ပြု‎ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်း နှင့် ဆပ်စပ်သည့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၆ ရက်နေ့မွန်းလွဲပိုင်းကကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းနှင့် ကျေးရွာ‌နေပြည်သူများနှင့်လူထုတွေ့ဆုံပွဲ‎ပြုလုပ်ခဲ့ကြောင်းသိရသည်။
‎ရှေးဦးစွာ သိမ်ကုန်းကျေးရွာအုပ်စု၊အုံအက်ကျေးရွာအတွင်း လယ်ယာမြေများပျက်စီးမှု အ‎ခြေအနေများကိုသွားရောက်ကြည့်ရှုကာ စိုက်‎ပျိုးမြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန်အ‎တွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့‎ဥက္ကဌ၏လမ်းညွှန်မှုဖြင့်ရေနှုတ်မြောင်းများ တူးဖော်နေမှုကိုသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
‎ဆက်လက်၍ ပန်းစစ်ကျေးရွာဘုန်းတော်ကြီး‎ကျောင်းသို့ သွားရောက်ခဲ့ပြီး ကျေးရွာနေပြည်‎သူလူထုများနှင့်တွေ့ဆုံကာကျေးရွာနေပြည်သူ‎များအား ယခုရက်ပိုင်းအတွင်း သဘာဝဘေးဖြစ်ပေါ်ခဲ့ရသည့်အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးပြီး၊ကျေးရွာနေမိဘ‎ပြည်သူတို့၏ လိုအပ်ချက်များအား မိမိတို့အနေနဲ့သိရှိနားလည်ပါကြောင်း၊နိုင်ငံတော်အနေနဲ့လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို အလေး‎ထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း စသည်‎ဖြင့် ပြောကြားသည်။ထို့နောက် ဒေသခံပြည်သူ
‎များက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လို‎အပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိ‎နှိုင်းဆောင်ရွက်ပေးခဲ့ပြီး၊ပန်းစစ်ကျေးရွာလမ်း မြေထိန်းနံရံပြန်လည်ပြုပြင်နိုင်ရန်အတွက် ဘိ‎လပ်မြေအလုံး(၂၀၀)နှင့်ထောက်ပံ့ငွေများကို‎ပေးအပ်ခဲ့ကြောင်းသိရသည်။
‎ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦး‎စီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများကမဲနယ်တောင်ဘုန်းတော်ကြီးသို့သွားရောက်ပြီး၊ရွာငံမြို့နယ်‎အလယ်ချောင်ကျေးရွာအုပ်စု၊ညောင်ခြေ‎ထောက်ကျေးရွာမှ လူနေအိမ်အချို့ပျက်စီးမှုဖြစ်ပွားခဲ့သည့် ကျေးရွာသူ/ကျေးရွာသားများနှင့်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားပြေကြားကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့‎ဥက္ကဌမှ ကနဦးထောက်ပံ့ငွေများပေးအပ်ခဲ့‎ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့