တောင်ကြီး ဩဂုတ်-၆
ခရိုင်/ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်လှိုင်၏ လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမင်းအောင်မှတောင်ကြီး မြို့နယ်အတွင်း ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော KTV၊ Unplugged စားသောက်ဆိုင်များအား ပိုမိုစစ်ဆေးကြပ်မတ်နိုင်ရန်အတွက် ဩဂုတ်လ(၆)ရက်၊ နေ့လည်(၁)နာရီခွဲတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ တောင်ကြီးခရိုင်ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဝင်များ၊ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့၊ KTV ၊ Unplugged စားသောက်ဆိုင်လုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး