
ဆီဆိုင် ဩဂုတ်-၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဆီဆိုင်မြိုနယ်အတွင်း ဘေးသင့်ပြည်သူများ စီးပွားရေးလုပ်ငန်းပြန်လည် ထူထောင်လာနိုင်ရန်အတွက် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”ဆင်းပွဲကို ဩဂုတ်လ၆ရက် နံနက်ပိုင်း က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ နှင့် တာဝန်ရှိသူတို့မှ ထူးချွန်သင်တန်းသူသုံးဦးကို လုပ်ငန်းသုံးဆပ်ပြာမွှေစက်နှင့် သင်တန်သူများအား သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၂၀)ဦး တက်ရောက်ကြကာ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ပန်ကန်ဆေးဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ရေချိုဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ Hand Spray၊ Scrub၊ ဖူဂျီ၊ ဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာ၊ အမွှေးရည်နှင့် မှန်ကြည်ဆေး စသည့်ဆပ်ပြာ အမျိုးအစား (၁၂)မျိုးကို ဩဂုတ်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး